ဘလော့မှာFaviconထည့်နည်းတမျိုး


ခုတလောကျနော့်လိုင်းနဲ့လားလားမှမဆိုင်တဲ့အကြောင်းတွေပဲရေးနေရတယ်ဗျာ..။
ဒါကြောင့်မို့ရှက်ရွံ့အားနာစွာပြောပါရစေ..။ဘလော့မှာFaviconထည့်ချင်တာဘယ်လို
ထည့်ရမလဲလို့မေးလာတဲ့ မိတ်ဆွေတစ်ယောက်အတွက်ရည်ရွယ်ပြီးရေးလိုက်တာမို့ သိပြီးသားမိတ်ဆွေများခွင့်လွှတ်ပေးကြပါကုန်..:Pကျနော်ရည်ရွယ်လိုက်တဲ့မိတ်ဆွေ
ကိုလည်းအကြံပြုချင်တာကမေးစရာရှိတာတွေနောက်ထက်ပေါ်လာရင်ကျနော်ပြန်
ဖြေရတာလွယ်အောင်လို့မေးလ်ထားခဲ့ပေးပါ...။ (ကျနော်ကနည်းပညာပိုင်းမှာသိပ်မ
ပိုင်လို့နည်းပညာဘလော့ဂါမလုပ်တာပါ.....:Pအဲဒီလိုပြောလို့ခုရေးနေတာတွေကရော ပိုင်ပိုင်နိုင်နိုင်ရေးနေတာလားလို့မေးလာခဲ့ ရင်လည်း ဟီးဟီး ဆိုပြီးသွားပဲဖြဲပြပါရစေ။ ဒါဆိုသဘောပေါက်လောက်ပါပြီနော်)မေးလ်မထားခဲ့ပဲစီဘောက်ကနေရှင်းပြဖို့ဆိုတာ ကလည်းမဖြစ်နိုင်၊ပို့စ်တစ်ခုအဖြစ်တင်ပြီးပြောပြဖို့ဆိုတာကလည်းမလုပ်ချင်...........။
ဆိုတော့မိတ်ဆွေတို့အီးမေးလ်လေးကိုပဲအပမ်းမကြီးရင်ထားခဲ့ပြီးမှမေး လိုရာမေးပါ။
ဖြေလိုရာဖြေပါမည်..:P။အားပေးနေတာကိုကျေးဇူးတင်ပါသည်....။


ပထမဆုံးကိုယ့်ဘလော့မှာကိုယ်ထားချင်တဲ့ Icon လေးကိုရွေးချယ်ထားရမှာပါနော်။ Iconလေးတွေကိုဘယ်လိုရှာရမှာလည်းလို့မေးချင်မေးလာနိုင်လို့ ကြိုဖြေလိုက်ပါပြီ...။  ဒီလင့်လေးကို သွားကြည့်လိုက်ပါ။လိုချင်သလိုလုပ်ယူချင်သလား၊လုပ်ပြီးသားအဆင်သင့် ယူသုံးမလား..အားလုံးရပါတယ်..။ ကြိုက်တာတွေ့ရင်သိမ်းမယ်...ပြီးတာနဲ့ Blogger.comကိုဝင်လိုက်ပါ။ ဝင်ပြီးရင်တော့ Design ဆိုတာကိုဝင်လိုက်ရင် Page Elements ဆိုတာကိုတွေ့မှာပါ။ တွေ့ပြီဆိုရင်အောက်က


ပုံလေးကိုကြည့်ပြီးလုပ်သွားလိုက်တာနဲ့ကိုယ့်ဘလော့လေးရဲ့ Favicon လေးတွေပြောင်းသွားပြီပေါ့ဗျာ...။ အဲဒီလိုမှအဆင်မပြေရင်နောက်နည်းတွေကတော့ ကျနော်သွားဖတ်နေကျ၊ နည်းပညာကုသိုလ်လုပ်နေတဲ့ ဒီနေရာကို သွားလေ့လာလိုက်ပါဗျာ....။ သဘောကောင်းမနောကောင်းတဲ့မိသားစုလေးရဲ့ ရက်ရက်ရောရောပညာပေးထားတာတွေကိုတွေ့ရမှာပါ..။ အဆင်ပြေပါစေ..။ နောက်ဆိုကျနော့်ဘလော့လေးပေါ်က နည်းပညာအကူအညီဆိုတဲ့ကဏ္ဍမှာမိတ်ဆွေတို့လိုအပ်တာလေးတွေကိုသက်ဆိုင်ရာ ဘလော့ဂါတွေဆီသွားရောက်မေးမြန်းနိုင်ပါတယ်..။ ကျနော်ကပညာသမားမဟုတ်လို့လျော့နည်းပြီးမပြည့်စုံမှာသေချာတာမို့ တကယ်တတ်ကျွမ်းတဲ့ပညာရှင်တွေဆီသွားဖို့ ဒုတိယမ္မိတိုက်တွန်းအကြံပြုလိုက်ပါတယ်ဗျာ....။ အားလုံးကျန်းမာချမ်းသာကြပါစေ..။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

10 Responses
  1. rose Says:

    Thank you for the useful info. I wonder also what is Favicon :)

  2. Candy Says:

    အစ်ကိုချင်း... link လေး share တာ ကျေးဇူး.. :D

  3. mstint Says:

    နည်းပညာလေးတွေ လေ့လာမှတ်သားသွားတယ် ချင်းကလေးရေ။ တခြားအကြောင်းအရာလေးတွေ ရေးတာလည်း ဖတ်ကောင်းပါတယ်။ ရှက်စရာမှမဟုတ်တာကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

  4. KMC@ချင်းလေး Says:

    @You are Wellcome Rose. @ညီမကန်ဒီ..ကျေးဇူးစကားပြောစရာမလိုဘူးလေ...နော်?:) @ဟုတ်ကဲ့အန်တီ..ခုလိုအန်တီအားပေးတာကိုတော့ထာဝရသတိရနေမှာပါဗျာ.
    ကျေးဇူးတင်ပါတယ်နော်။အန်တီပေးတဲ့ဆုလေးနဲ့ပြည့်ပါစေ။

  5. Anonymous Says:

    အစ်ကိုချင်းကလေးရှင့်..
    ညီမဘလော့မှာ read more ဆိုတာလေး
    အသုံးပြုချင်ပါတယ်ရှင့်။
    ဘယ်လိုလုပ်ရမလဲဆိုတာကိုကျေးဇူးပြုပြီး
    ပြောပြပေးပါလားရှင့်။
    ခင်မင်စွာဖြင့်
    သမာန်စီး
    (မောင်ချင်း..အစ်မတကယ်မသိတာပါဟပြောပေးနော်
    အစ်မလုပ်တာအဆင်မပြေလို့ :P )

  6. KMC@ချင်းလေး Says:

    အစ်မသမီးစံခင်ဗျာ..http://kp3family.blogspot.com/2009/09/code-code-post-read-more-function.html
    ဒီလင့်လေးမှာအစ်မသိချင်နေတဲ့အကြောင်းအရာလေးရေးထားပါတယ်။ ကျနော်ကိုယ်တိုင်လည်းအဲဒီအတိုင်းလုပ်လိုက်တာပါပဲဗျာ.။ရပါတယ်။ အစ်မလည်းအဆင်ပြေမှာပါနော်.မပြေတော့လည်းပြန်ပြောပေါ့ဗျာ..။
    အောက်ကအစားထိုးသွင်းရမယ့်ကုဒ်တွေထဲကဆက်ဖတ်ရန် ဆိုတဲ့စာသားနေရာမှာအစ်မကြိုက်သလိုပြောင်းရေးလို့ရပါတယ်။ အစ်မအဆင်ပြေပါစေလို့ဆုတောင်းလျက်ပါနော်။

  7. Anonymous Says:

    မောင်ချင်းရေ..
    အဆင်ပြေသွားပါပြီ။
    ကျေးဇူးပါပဲကွယ်နော်။
    ခုမှပဲအစ်မဘလော့လေးဘလော့နဲ့တူသွားတော့တယ်းP
    အစ်မဆီအကူညီလိုလဲတောင်းနော်။
    မုန့်ကတော့ကြုံမှပဲစားတော့နော်းP
    ခင်မင်စွာဖြင့်
    သမီးစံ

  8. KMC Says:

    အစ်မကသန်လျင်မှာဆိုတော့အကူအညီမတောင်းသေးပါဘူးဗျာ။ :Pနောက်တာနော်..တော်ကြာတကယ်ထင်ပြီးလာမလည်တော့ပဲ
    နေဦးမယ်:Dအစ်မကခင်ဖို့တော်တော်ကောင်းတယ်ဗျို့..။ မွမွ...။

  9. Anonymous Says:

    မောင်ချင်းရေ..မွမွလေးနောက်ထားအုံး :P
    အစ်မကမောင်ချင်းပြောတဲ့အတိုင်းလုပ်လိုက်တာတော့
    အဆင်ပြေပါတယ်။
    read more တော့ဖြစ်တယ်
    ဒါပေမယ့်မောင်ချင်းတို့လိုမဖြစ်ဘူးတော့်းD
    ပို့စ်အဆုံးမှာပဲပါတယ်။ကူညီပါအုံးဟယ်
    သန်လျင်ရောက်ရင်ရှင်မွေးလွန်းနဲ့ပေးတွေ့ပါ့မယ့် :P
    ခင်မင်စွာဖြင့် (ဒါကတော့အန်တီတင့်ကိုလိုက်တုတာပါ)
    အစ်မသမီးစံ(အစ်မရော၊သမီးရောတော်လို့ရတယ်း)

  10. KMC@ချင်းလေး Says:

    ရောဗျာ...ဘာများကွာသွားတာတုန်း?မေးလ်ပေးမလားအစ်မ?မေးလ်ကနေနောက်တစ်မျိုးလုပ်ခိုင်းကြည့်မယ်။ အဆင်ပြေရင်မေးလ်ရေးခဲ့ပေးနော်အစ်မ...ကျေးဇူး.:P

abcs