ကျနော်ကြိုက်၏..ကျနော်မကြိုက်၏.. (Tag Post)

ပြောရမယ်ဆိုရင်တကယ်မရေးချင်ပါဘူး။ ဘာလို့မရေးချင်တာလည်းဆိုရင်အင်မတန်ဇီဇာကြောင်တယ်လို့ အထင်ခံရမှာရယ်၊ဘဝမှာတခါမှခုလိုလူသိရှင်ကြားကိုယ့်အကြောင်းကိုယ်မပြောပြဖူးတာရယ်ကြောင့်ပါပဲ။ (ဘယ်ပြောပြဖူးမလဲ...မင်းသားတို့၊အဆိုတော်တို့မှမဟုတ်တာနော်..ဟဲဟဲ). ပြီးတော့တဂ်ပို့စ်ရေးခိုင်းတဲ့သူမရှိဖူးခဲ့လို့ ရေးလက်မရှိတာရယ်လည်းပါတာပေါ့။ (ဘယ်သူရေးခိုင်မှာတုန်း၊စာတစ်ကြောင်းတောင်ဖြောင့်အောင်တော်တော်ရေးတတ်တာကိုး) ဒီလိုပဲကိုယ့်ကိုယ်ကိုအားပေးရမယ်လေ..မဟုတ်ဘူးလား? ခုမှဘကုန်းရွာထဲရောက်တာနှစ်ရက်တစ်ပိုင်းရှိသေးတာဆိုတော့ လူသိလည်းမများသေးပါဘူး။ (လူတွေသိဖို့ဆိုတာကလည်းဟားဟားဟားအဆင့်ပါပဲလေ..ဟားဟား) 
မမအိန်ဂျယ်လ်ရေ.... မောင်လေးတော့တုန်တုန်ရီရီနဲ့ချရေးလိုက်ပြီဗျာ..။ 
ဘလော့ဂါမောင်နှမတွေကို ဒီ့ထက်ပိုရင်းနှီးစေလိုပြီးတဂ်ပေးလိုက်တဲ့ မမအိန်ဂျယ်လ်ရဲ့စေတနာကြောင့် ရေးဖြစ်သွားရတဲ့ဒီတဂ်ပို့စ်လေးကို ဖတ်မိကြတဲ့မောင်နှမတွေအားလုံး ကျနော်ရေးထားတာတွေထဲမှာမသင့်တော်တာတွေများပါလာခဲ့ရင် ခွင့်လွှတ်ကြပါလို့ ရှေ့မျက်နှာမော်နီတာရှေ့ထားပြီးကြိုတင်တောင်းပန်ထားပါတယ်ဗျာ..။ (စိတ်သိပ်မချရဘူး:P)

မမအိန်ဂျယ်လ်ကိုခုလို(ကျနော့်အတွက်ပထမဆုံးဖြစ်တဲ့ဒီပို့စ်လေးကို)ရေးခွင့်ဖန်တီးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။






အိပ်ယာပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်တတ်တာကိုကြိုက်ပါတယ်။ ကျနော်ကတော့ဘယ်တုန်းကမှ အဲဒီ့အကျင့်ကောင်းကိုမွေးလို့မရလို့ပါ။ တိုက်တွေကားတွေနဲ့နေနိုင်တာကိုအားမကျတတ်ပါဘူး..။ အဲလိုအိပ်ပျော်လွယ်တာကိုပဲအမြဲအားကျတတ်ပါတယ်။ :)

ကိုယ်ခန္တာသန့်ရှင်းသပ်ရပ်စွာနဲ့စမတ်ကျကျနေထိုင်တာကိုအရမ်းဖီးလာပါတယ်။ ပေါ့ပေါ့ဆဆနေတတ်သူများကိုလုံးဝကြည့်မရပါ.....:P မိန်းကလေးတွေကိုသာရည်ရွယ်ပါတယ်။

အရင်မသုံးခဲ့ပေမယ့်အေးတဲ့နိုင်ငံရောက်လာပြီးတော့မျက်နှာကြမ်းတမ်းမနေအောင် ကရင်မ်တစ်ခုခုလိမ်းပါတယ်။ မလိမ်းရရင်မနေတတ်တော့လို့ပါ....:P

အရောင်ရင့်တဲ့အဝတ်အစားတွေကိုမုန်းသလောက်(ကိုယ့်အသားအရောင်နဲ့မလိုက်လို့) နုနုရွရွလေးတွေဆိုသိပ်သဘောကျပါတယ်။(အရောင်ကိုပြောတာနော်)....:P

ကုသိုလ်ကံကောင်းတယ်ပြောမလား၊ဆိုးတယ်ပြောမလားမသိဘူးဗျာ..။ ကိုယ်တိုင်ထမင်းဟင်းကောင်းကောင်း မချက်တတ်လို့ပဲလားမသိဘူး ချက်မိသမျှကိုသဘောကျစွာစားတတ်တာ ကျေနပ်စရာပါ။ (ကိုယ်မှမစားရင်ပစ်ရမှာစိုးလို့)....:P ဆိုင်မှာတော့မြန်မာပြည်မှာနေကတည်းက ဝယ်စားလေ့စားထမရှိပါ။ 
( ဘလန်းဂျား လုပ်တဲ့သူရှိရင်တော့အုပ်ပါတယ်...) တာရေမာ့ကာစေးလို့ပြောလိုက်ပြီးတာပဲလေ:P

ဆံပင်တော့ရှည်ရှည်ထားပါတယ်.အရမ်းကြိုက်လို့ပါ။ကတုံးတုံးတဲ့သူများကိုမြင်လျှင်အသည်းယားပါသည်။ :P
ပေါ့ပေါ့ပါးပါးတီရှပ်နဲ့ဂျင်းပင်ဝတ်ရတာနှစ်သက်ပါတယ်...။ အိမ်မှာနေရင်တော့ဘိုးဘွားဘီဘင်ရိုးရာဝင်တဲ့ ပုဆိုးပဲကြိုက်ပါတယ်..။လွတ်လပ်လို့ပါ။ 
သူများအိမ်မှာတော့ပုဆိုးနဲ့ညမအိပ်တတ်ပါ။ ကိုယ့်အကြောင်းကိုယ်သာသိလို့:P




အရက်ဘီယာအနံ့ပင်ခံလို့မရပါ။သောက်တတ်သူများကိုတော့လက်ခံပါတယ်။ သူငယ်ချင်းမြန်မာပြည်သားတွေ ကျနော့်အိမ်မှာ(တစ်ယောက်ထဲနေလို့)ခဏခဏဝိုင်းတတ်ကြပါတယ်။ ကျနော်ကတော့အိပ်ခန်းထဲကမထွက်တော့ဘူးပေါ့...။ (တော်သေးတယ်သူတို့တွေကဒီပို့စ်လာဖတ်ကြမှာမဟုတ်လို့...) ခြုံပြီးပြောရရင် သူတို့ပြောကြသလို ကျားတွေဆင်တွေမစီးတတ်ပါ။ မိကျောင်းတော့.....အဲ အဲ..ပေါ်ကုန်တော့မှာပဲ...:P အမှန်ကစီးကရက်ကြိုက်တာကိုပြောချင်တာပါ..။ ကိုမောင်(စွယ်စုံကျမ်း) ရေ... စီးကရက်ခဲပြီးကီးဘုတ်ရိုက်နေတာတွေ့ရတော့ အဖော်ရပြီဆိုပြီးဝမ်းသာမိသဗျာ..။  Dunhill Dua puloh ဘယ်ဈေးဝယ်သောက်နေရလဲဗျာ? အဟမ်း အဟမ်း...။ ကြုံလို့မေးလိုက်တာပါ..။

ဘော်ဒီအနေနဲ့ကတော့အနေတော်လေးပဲကြိုက်ပါတယ်..။ မောင်ဗလတွေလို ဂျင်မ်မှာသွားကစားတာပင်ပမ်းတယ်ထင်လို့တခါမှသွားမကစားပါဘူး..ရေတော့ကူးလေ့ရှိပါတယ်။
ကျနော့်ဘော်ဒီလား? ကျနော့်ဘော်ဒီအလေးချိန်ကတော့ ကီလိုနဲ့ပြောရင် ကီလို 70 နီးပါးပါပဲ။ (ပြီးခဲ့တဲ့အပတ်ကမှချိန်ထားတာနော်)

အရပ်အမောင်းကတော့ 167 cm ပါ။ ငါးပေလေးလက်မလောက်ပေါ့..။ (မဆိုးပါဘူးနော်:P)

အမူအကျင့်ကိုပြောရရင်ထွေထွေထူးထူးတော့မရှိပါဘူးဗျာ..။ သူငယ်ချင်းမင်တတ်တယ်။ တိတ်ဆိတ်တဲ့နေရာလေးတွေကိုသဘောကျတယ်။ လဘ္ဖက်သုပ်တစ်ပွဲနဲ့ ကွန်ပြူတာရှေ့ထိုင်နေရတာနှစ်သက်တယ်။ (ပြီးရင်တော့အိမ်ပြင်ထွက် မီးခိုးထုတ်တာပေါ့:P)

လမ်းလျှောက်ရင်တော့မြန်မြန်လျှောက်တတ်ပါတယ်....(တော်ကြာကိုယ်မစီးတတ်တဲ့ကျားတွေ၊ဆင်တွေ နောက်မှာပါလာမှာစိုးလို့.....:P) သူများတွေအပေါ်မှာဘယ်တော့မှအနိုင်မယူတတ်ပါဘူး။ ရှုံးသွားရတဲ့အရသာကိုမုန်းလို့ပါ..။ ကိုယ်ကခဏခဏရှုံးတယ်လေ:(




အိမ်ထောင်ဖက်......ဟုတ်လား?  ဟာဗျာ....စပ်စုလိုက်ကြတာ....:PPPP
ကျနော့်ကိုနားလည်နိုင်မယ့်သူကိုပဲ စောင့်နေတာပါ..။ခုထိတော့မတွေ့သေးဘူးပေါ့..။ ရုပ်ချောဖို့မလိုပါ..(ကိုယ်ကချောပြီးသားဆိုတော့...အဟတ်..အဟတ်..) နားလည်တတ်ဖို့ပဲလိုပါတယ်..။ 
(ခုနေမှ မကြော်ငြာရင်နောင်ကိုအခွင့်အရေးရဖို့မသေချာတော့ဘူး) .....တန် တန့် တန်...။




စကားပြောရင်ကျနော်ကိုယ်တိုင်လည်းစကားကျယ်ကျယ်မပြောတတ်သလို သူများပြောရင်လည်းမကြိုက်ပါ။ 
ဘတ်စ်ကားပေါ်မှာ..........
ရထားပေါ်မှာ.................
လူသွားလမ်းတွေပေါ်မှာ....
''ဟယ်လို....ကြားရလား....ကြားရင်အကြောင်းပြန်''

''အေး  အေး..ကြားတော့ကြားရတယ်..သိပ်မရှင်းလို့....ဟယ်လို..''

အဲလိုတွေခုမမြင်ရတော့ပေမယ့် မြန်မာပြည်မှာနေတုန်းကဆို အနားကပ်ပြီး ကလိဖမ်းထိုးတတ်တယ်။ (မသိမသာလေးပေါ့).....:P




ဘလော့မှာဟိုဟိုဒီဒီလျှောက်လည်ပြီးခြေရာလက်ရာထားခဲ့ရတာပျော်ပါတယ်..။ ကျနော့်ဆီမှာလာထားသွားရင်ပျော်သလိုပေါ့..။ သို့သော်စာရေးလက်မတက်လာသေးပါ.။ အချိန်လုနေရတာလည်းပါတာပေါ့ဗျာ..။:(

အွန်လိုင်းပေါ်မှာအကြိုက်ဆုံးကတော့ ကိုပုသိမ်သားလေးဖြိုးဝေပို့ပေးတဲ့ ကွန်ဖူးFighting လေးပါ။
အစ်ကိုရေ..ကျေးဇူးပါနော်..။ အပြင်မှာအကြိုက်ဆုံးကတော့ ........မေမေ့လက်နဲ့သွေးပြီးလူးပေးခဲ့တဲ့ ငယ်ငယ်တုန်းကသနပ်ခါးအနံ့လေးပါ...။
လောလောဆယ်ဆူးလေဘုရားအထက်လမ်းကလေတဟူဟူးနဲ့ညညထိုင်ခဲ့ဖူးတဲ့လဘ္ဖက်ရည်ဆိုင်ကို ပြေးပြီးထိုင်လိုက်ချင်ပါတယ်။ (ထရိတ်ဒါးကိုကြည့်လိုက်၊စိတ်ကူးလေးယဉ်လိုက်ပေါ့)

တခြားဟာတွေတော့မပြောတော့ပါဘူးနော်..။ခုလောက်ဆိုကျနော့်ကိုအကြမ်းဖြင်းပုံဖော်လို့ရလောက်ပါပြီ။:P

မရေးတတ်ရေးတတ်နဲ့ရေးလိုက်မိတဲ့ပို့စ်လေးမို့ ခေါင်းစဉ်နဲ့စာကိုယ်လွဲနေရင်ခွင့်လွှတ်ပေးကြပါ။ ပထမဆုံးကြုံဖူးခြင်းဖြစ်တာမို့နားလည်ပေးကြမယ်ထင်ပါတယ်..။ အစ်ကိုအစ်မများကိုအတုယူသင်ကြားနေပါတယ်လို့ပြောပါရစေ...။ (ဟီ ဟိ..ပိုင်သကွာ...)




ဘလော့မှာအမှတ်တရအဖြစ်ဆုံးသူတွေကတော့ ပထမဆုံးမမ်ဘာဝင်ပေးခဲ့တဲ့မမ အိန်ဂျယ်လှိုင်းကိုနန်းရှင်၊ ပြီးတော့ပထမဆုံးကွန်မန့်ထားသွားပြီးခံစားဖတ်ရှု့ပေးခဲ့တဲ့ မမရွှေပြည်သူ ၊ တလျှောက်လုံးအားပေးစကားပြောကြားခဲ့ပြီး နွေးနွေးထွေးထွေးတွဲခေါ်လာခဲ့တဲ့ မမ ဂျပ်စ်မင်း(တောင်ကြီး)..။ နောက်ပြီး သတင်းတွေမပြတ်တင်ဆက်ပေးနေတဲ့ကိုနေဇော်လင်း နဲ့ ကိုပဥာက်(ထာဝရသစ္စာ)..ကိုဒုတိယလူ ပထမ မရဖူးလို့ထင်တယ်:P (ကျနော်ကတတိယလူပေါ့ဗျာ) နောက်ပြီး ဂျာမဏီကညီမလေး Dream(အိပ်မက်စေရာ) နဲ့ စင်္ကာပူက ညီမလေး ချိုချဉ် (Candy).. နေ့စဉ်လာလာဆုတောင်းပေးတဲ့ချစ်ခင်လေးစားစရာကောင်းတဲ့ အန်တီတင့်..... နောက်ပြီးတော့ မမခင်ဦးမေ ..လူသစ်လူဟောင်းမခွဲခြားတတ်တဲ့နည်းပညာသမား ကိုဖြိုးဝေ နဲ့ ကိုနေမင်းမောင်မောင်... စတဲ့..စတဲ့.လူတွေအားလုံးပေါ့ဗျာ..။ လောလောဆယ်နာမည်မရေးမိသေးတဲ့သူတွေလည်းအများကြီးကျန်ပါသေးတယ်..။ ဘာပဲဖြစ်ဖြစ်ခုလို ဘာဘာညာညာမခွဲခြားကြပဲ ညီရင်းအစ်ကိုမောင်နှမတွေလို ဆက်ဆံပေးခဲ့ကြတဲ့သူတွေအားလုံး  အားလုံးကို ကျနော်KMCဒီနေရာကနေ ကျေးဇူးတင်ဂါရဝပြုလိုက်ပါတယ်..။ ဒီတဂ်ပို့စ်လေးကိုရေးဖို့တဂ်လိုက်တဲ့ မမအိန်ဂျယ်လ်နဲ့ကိုမောင်(SSK) ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်မကချစ်ခင်ရင်းနှီးမှု့တွေကို ပျော်ပျော်ပါးပါးရရှိနိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာ..။



ခင်မင်ရတဲ့သူငယ်ချင်းတွေအကြောင်းတွေလည်းသိရအောင်လို့ ဆက်ပြီးတဂ်လိုက်ပါပြီ..။ အားရင်ရေးပေးကြပါလို့အနူအညွှန့်မေတ္တာရပ်ခံပါရစေ။
ညီမလေးDream(အိပ်မက်စေရာ) ညီမရေ...အားမှနော်......အလုပ်တော့ပုံမှန်သွားပေါ့..ဟီးဟီး။
ညီမလေးCandy(ချိုချဉ်) စာမေးပွဲပြီးပြီနော်...ဒါပဲပြောမယ်..။
ကိုပဥာက်(ထာဝရသစ္စာ)ကဗျာဆရာရေ....လုပ်ပါဦး..။
မမဂျပ်စ်ရေ..မောင်လေးကိုခင်ရင်လုပ်ပါဥိးဗျို့.. မမရဲ့လန်ထွက်နေတဲ့အရေးအသားလေးကိုဖတ်ချင်လို့ပါ.။
အားလုံးကိုကျေးဇူးတင်ပါတယ်။


ခင်မင်လေးစားစွာဖြင့်
ချင်းကလေး
13 Responses
  1. December Mgmg Says:

    အကို ကြိုက်၏ မကြိုက်၏ ကို ဖတ်သွားပါတယ် ။

  2. KMC@ချင်းလေး Says:

    ကျေးဇူးတင်ပါတယ်ကိုမောင်မောင်

  3. Candy Says:

    အဟီး.. ဒီလို Tag ဆိုရင်တော့ဖြစ်တယ်.. စာရေးဆရာတွေလို စာလှလှပပ မရေးတတ်ပေမယ့်.. ကိုယ့်အကြောင်းပြောပြရုံဆိုရင်တော့ ရတယ်... :P

  4. mstint Says:

    ချင်းကလေးရဲ့ ကြိုက်တာ မကြိုက်တာလေးတွေ သိသွားပြီနော်။ ဆုတောင်းတာက ဝါသနာတစ်ခုလေး)
    စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  5. Angelhlaing(May everybody be happy and healthy! Says:

    မောင်လေးရေ တဂ်ပို့စ်လေးလေး ရေးပေးလို့ ကျေးကျေးနော်..
    ကြိုက်မကြိုက်လေးတွေ သိသွားပြီ.. :)

  6. မောင်(စွယ်စုံကျမ်း) Says:

    အမောင်ကဆေးလိပ်ကိုအကြိုက်သောက်ဟုတ်ဝူးနော်
    ဆိုဒ်သောက်တိုတစ်ဝက်ရောက်ရင်မသောက်တော့ဝူး
    အခုလိုလေးရေးပေးတော့ပိုပြီးရင်နီးခင်မင်ရတာပေါ့..ပုံလေးတွေတင်ကြရင်ကောင်းမှာပဲနော်..ပုံတင်အောင်နည်းတစ်မျိုးနဲ့ တဂ်အုံးမယ်ဗျာ...လာရောက်ဖတ်သွားတယ်နော

  7. KMC@ချင်းလေး Says:

    @ ညီမလေးချိုချဉ်...ရတယ်ဆိုလို့ကျေးဇူးကြိုတင်ထားလိုက်မယ်။ @အန်တီ......အန်တီ့ဝါသနာကဝါသနာကောင်းလေးမို့ သွားသွားလည်မိတိုင်းကြည်နူးရပါတယ်ဗျာ။:-) @မမအိန်ဂျယ်လ်..ကျနော်ကလည်းကျေးကျေးပါနော်လို့........ @ ကိုစွယ်ရေ..(ဘုရား..ဘုရား ဘယ်လိုနည်းလမ်းတွေများထွင်ဦးမှာလဲဗျာ).... ကျေးဇူးတင်ပါတယ်နော်။ :P

  8. ပဥာက် Says:

    ဖတ်၇တာပျော်သလိုလိုစိတ်ထဲမှာခံစား၇တယ်..ခင်မင်ခြင်း၇ဲ့ပီတိနွေးထွေးမူ့ကို၇လိုက်တာပဲ..

  9. အိမ်မက်စေရာ Says:

    ကိုချင်းရဲ့ ပို့စ်လာဖတ်တယ် မိုက်တယ်..ပေါ့ပေါ့ ပါးပါးပဲ..အားလုံးကြိုက်တယ် အဟိ.. ညလေး လား ..ရေးမှာ ပေါ့.. ကိုချင်း တဂ်တယ်ဆိုလို့ ညလေးတို့ ပျော်နေတာ ပထမဆုံးမို့လို့လေ
    (ကြွားလိုက်ဦးမယ်) ကျေးကျူးပါနော်..

  10. KMC@ချင်းလေး Says:

    ကိုပဥာက်ပြောတာသိပ်မှန်ပါတယ်....တကယ့်ကိုနွေးထွေးနေသလိုခံစားမိပါတယ်။ @ညီမအိပ်မက်...ကျေးဇူးတင်ပါတယ်လက်ခံပေးလို့။

  11. စံပယ်ချို Says:

    ပေါ့ပေါ့ပါးပါးနဲ့ရေးတတ်လိုက်တာနော်...
    ဖတ်ကောင်းကောင်းနဲ့
    ၂ခါတောင်ဖတ်နေတာ...

  12. မောင်စေတနာ Says:

    တော်သေးတာပေါ့ ...
    ကျားတွေ ဆင်တွေမစီးလို့ဂျာ ...
    မဟုတ်ရင်တော့ :p

    စကားပြောရင် ကိုယ်တိုင်လည်း စကားကျယ်ကျယ်မပြောတတ်သလို သူများပြောရင်လည်း မကြိုက်ပါ။

    ဒါတော့ သားနဲ့တူုတယ်အကို ..
    တူတဲ့အတွက် အရက်တိုက် ...
    အမ် ... မုန့်ဝယ်ကျွေးရမယ်ဂျာ ...

    ဖတ်သွားပါတယ်၈ျာ အရမ်းကောင်းပါတယ်
    ရေးထားတာ ..

    နောက်မှ လာလို့ စိတ်မဆိုးနဲ့နော် ...
    သားက မအားလို့ပါ။ ခင်ပါတယ်ဂျာ

    အားပေးလျှက် ..

  13. KMC@ချင်းလေး Says:

    ကိုနေဇော်လင်းခင်ဗျာ..မအားတဲ့ကြားကကျနော့်ပို့စ်ကိုတကူးတက အချိန်ပေးပြီးလာဖတ်တာဝမ်းသာမိပါတယ်...နောက်ကြုံတော့မှ Kota Raya မှာစားချင်တာစားဖို့အဲယောင်လို့...ကျွေးဖို့လာခဲ့ပါ့မယ်ဗျာ...။ Terimakasih Banyak Abang....:P

abcs