ချစ်မိသွားပါသဖြင့် ၎

'' အဲလိုအထူးတန်းပွဲကြည့်စဉ်ဖက်ရောက်လာတော့မှ ကျနော်က (ထိုင်ရအောင်နွယ်ရယ်) ဆိုပြီးကျနော်ကြိုစီစဉ်ထားတဲ့နေရာမှာထိုင်ခိုင်းလိုက်တာပေါ့ဗျာ..။ ဟားဟားဟား..သူကတော့ဘာမှမသိပါဘူး။
အဲဒီကျနော်တို့ထိုင်နေတဲ့ခုံတွေရဲ့အပေါ်ဖက်ခေါင်မိုးပေါ်မှာကြိုတင်နေရာယူထားကြတဲ့ ကျနော့်သူငယ်ချင်းတွေက မြက်ခင်းတွေကို ဖြန်းတဲ့ရေပန်းပိုက်တွေနဲ့အဆင်သင့်ဆိုတာ
သူမသိပေမယ့် ကျနော်သိနေတယ်လေ.. 
ဟားဟား.ဒါကကျနော်တို့ကြိုတင်စီစဉ်ထားတာဆိုတော့ကျနော်သိနေတာမမှားပါဘူး...။ ''

 ♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦







'' အဲလိုအထူးတန်းပွဲကြည့်စဉ်ဖက်ရောက်လာတော့မှ ကျနော်က (ထိုင်ရအောင်နွယ်ရယ်) ဆိုပြီးကျနော်ကြိုစီစဉ်ထားတဲ့နေရာမှာထိုင်ခိုင်းလိုက်တာပေါ့ဗျာ..။ 
ဟားဟားဟား.. သူကတော့ဘာမှမသိပါဘူး။
အဲဒီကျနော်တို့ထိုင်နေတဲ့ခုံတွေရဲ့အပေါ်ဖက်ခေါင်မိုးပေါ်မှာကြိုတင်နေရာယူထားကြတဲ့ ကျနော့်သူငယ်ချင်းတွေက မြက်ခင်းတွေကို ဖြန်းတဲ့ရေပန်းပိုက်တွေနဲ့အဆင်သင့်ဆိုတာသူမသိပေမယ့် ကျနော်သိနေတယ်လေ.. ဟားဟား.
ဒါကကျနော်တို့ကြိုတင်စီစဉ်ထားတာဆိုတော့ကျနော်သိနေတာမမှားပါဘူး...။ ''

''ရှင်ကတော့လေ... ပေါက်ကရလုပ်ပြီ.'' ဆိုပြီး ယမင်းကမျက်စောင်းလေးလှမ်းထိုးလိုက်သေးတယ်..။

'' အဲဒီမှာနွယ်ကကြီးမားကျယ်ဝန်းပြီးသူ့အမြင်မှာ ကျနော်တို့နှစ်ယောက်ထဲသာရှိနေတဲ့ ဒီဘောလုံးကွင်းကြီးထဲမှာ ဘာများဖြစ်လာမလဲဆိုပြီးတွေးပူပြီးတော့ကျနော့်ကိုမေးတာပေါ့ ''

'' ကိုသီဟ ဒီကိုဘာလို့ခေါ်လာတာလဲဟင်? ပြောစရာရှိတယ်ဆိုလို့လိုက်လာတာ ဒီလောက်ကြီးတဲ့ဘောလုံးကွင်းကိုမှရွေးပြီးဘာလို့ ခေါ်လာရတာလဲ '' ဆိုပြီးငိုမဲ့ငိုမဲ့နဲ့မေးတယ်လေ.
ကျနော်ကလည်း ''ဟာ နွယ်ကလဲ.ဒီနေ့ကိုယ်ပြောရမယ့်စကားတွေက အနက်အဓိပ္ပါယ်ကြီးကျယ်လွန်းလို့ ခုလိုကြီးမားတဲ့နေရာကိုရွေးလိုက်တာပါ..နွယ်ဘာမှမဖြစ်စေရပါဘူးကွာ''

ဆိုပြိးနည်းနည်းပြန်ချော့ ထားလိုက်တယ်လေ..
ပြီးတော့စိတ်ထဲကလည်း '' အင်း.. အခြေအနေကတော့သိပ်မကောင်းဘူး ပြောစရာရှိတာခပ်မြန်မြန်ပြောလိုက်မှနဲ့တူတယ်..
တော်ကြာဘာမှမပြောရသေးခင် ကြောက်လန့်ပြီးထွက်ပြေးသွားမှခက်ကုန်မယ် ''

လို့တွေးမိပြီး နွယ့်လက်ကလေးကို အသာအယာလေးကိုင်..ပြိးတော့

'' ဒီမှာနွယ်.. ကိုယ် နွယ့်ကိုချစ်တယ် ''

လို့ပြောလိုက်တော့ သူက 

'' အင်း..အားလုံးဒီလိုပဲပြောကြပါတယ် '' တဲ့.. 

ကျနော်ကြောင်သွားပြီးစက္ကန့်အနည်းငယ်ဆွံ့အသွားခဲ့ရတယ်လေ.. ကျနော်ဘယ်လိုမှထင်မထားတဲ့စကားကိုး... အဲဒါနဲ့ကျနော်လည်း
'' မဟုတ်သေးဘူးနွယ်ရယ်  ကိုယ်ပြောချင်တာက ....''   

'' သြော် ဒိလိုပါ.. နွယ်ပြောတဲ့အားလုံးဆိုတာက ယောင်္ကျားလေးတိုင်းက မိန်းကလေးတိုင်းကိုဒီလိုပဲပြောကြတယ်လို့ပါ '' 

'' ဒါပေမယ့်နွယ်ရယ် ကိုယ်ကသူတို့တွေနဲ့မတူပါဘူး '' 

လို့ပြောတော့ '' အင်း  ဟုတ်ပါတယ်.အားလုံးကလည်းဒီအတိုင်းပြောကြတာချည်းပဲလေ.''  တဲ့......။ 

'' ဘာလဲ နွယ်ကကိုယ်ပြောတဲ့ ကိုယ်နွယ့်ကိုချစ်တယ်ဆိုတဲ့စကားကို မယုံဘူးထင်
တယ်.ဟုတ်လား? '' လို့မေးတော့ သူက ခေါင်းခါပြတယ်လေ... မယုံဘူးဆိုတဲ့သဘောပေါ့.. ပြီးတော့ 

'' ကဲ ဒါဆိုကိုသီဟ နွယ့်ကိုတခုခုလုပ်ပြပါလား.. အဲဒီလုပ်ရပ်ကိုကြည့်ပြီးမှ
ကိုသီဟနွယ့်ကိုချစ်တာဟုတ်မဟုတ်၊လေးနက်မှု့ရှိမရှိစဉ်းစားလို့ရအောင်လေ.. 
ဘယ်လိုလဲ? လုပ်နိုင်ပါ့မလား? '' တဲ့...... 

ဟားဟား..ဝင်လာပြီလေ..ကျနော်ဆင်ထားတဲ့အကွက်ထဲကို တည့်တည့်ကြီးဝင်တိုးနေပါပြီ.. ပထမကျနော်ထင်တာကတော်တော်ခက်ခက်ခဲခဲဆွဲခေါ်သွားရမယ်ထင်နေတာ..
ခုတော့လွယ်လွန်းလို့ ...ဟီဟိ.. စိတ်ထဲကကြိတ်ရယ်ပြီး 

'' ဒါဆိုနွယ်ကိုယ့်အချစ်တွေကို သံသယဖြစ်နေရင် ကိုယ်ခုနွယ့်ကိုနမ်းပြမယ်လေ.. ကိုယ့်အချစ်ကစစ်မှန်တဲ့အချစ်ဆိုရင်နွယ့်ကိုနမ်းလိုက်တာနဲ့ချက်ချင်း မိုးတွေရွာကျလာလိမ့်မယ်.. အချစ်စစ်နဲ့ချစ်တာမဟုတ်ရင်တော့ရွာလာမှာမဟုတ်ဘူးပေါ့..ဘယ်လိုလဲ? '' 

လို့မေးလိုက်တော့  သူကဟက်ဟက်ပက်ပက်ရယ်ချလိုက်တယ်လေ..
သူ့အထင်ကကျနော်ရူးနေလို့ဒီလိုစိမ်ခေါ်တယ်ပေါ့.. သူ့ဖက်ကထင်မယ်ဆိုလည်းထင်စရာပဲ..မိန်းကလေးတစ်ယောက်ကိုနမ်းလိုက်တာနဲ့အချစ်စစ်မှန်ရင် မိုးတွေချက်ချင်းရွာချလာဖို့ဆိုတာ ပုံပြင်တွေ၊ဒဏ္ဍာရီတွေထဲမှာပဲဖြစ်နိုင်တယ်လေ..
ကျနော်ကလည်း မှင်သေသေနဲ့ 

'' အဲလိုမလှောင်ပါနဲ့နွယ်ရယ်.. ကိုယ်နွယ့်ကိုချစ်တဲ့အချစ်တွေကဘယ်လောက်လေးနက်တယ်၊ စစ်မှန်တယ်ဆိုတာ ကိုယ်ယုံကြည်လို့ဒီလိုစွန့်စားဝံ့တာပါ '' 

လို့ပြောလိုက်တော့ ကျနော့်မျက်နာကိုသေချာစိုက်ကြည့်ပြိး 

'' အိုခေ..စမ်းကြည့်လိုက်ပေါ့.. မိုးမရွာလာလို့ကတော့ဆော်ရီးပါနော် ကိုသီဟ '' 

ဆိုပြီးသူ့ပါးကလေးကို ကျနော့်ဖက်ထိုးပေးလာတယ်လေ..
အပေါ်ကချောင်းပြီးအခြေအနေကြည့်နေကြတဲ့ ကျနော့်ဘော်ဘော်တွေကို အသာလေးနွယ်မမြင်အောင်လက်မထောင်ပြပြီး (အမှန်ကတော့အချက်ပေးလိုက်တာပါ) ကျနော်နွယ့်ကိုနမ်းလိုက်တာပေါ့.. သူကတော့ရှက်လို့ မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်လေ..... 
အဲဒီအချိန်မှာပဲကြိုတင်စီစဉ်ထားတဲ့အတိုင်းခေါင်းမိုးပေါ်ကနေ မိုးရွာချတဲ့ပုံစံအတိုင်း ပီပြင်တဲ့မိုးအတုတစ်ခုရွာချပေးလိုက်တယ်လေ...ဘာပြောကောင်းမလဲ....
အဲလိုနမ်းနေတုန်းမှိတ်ထားတဲ့ နွယ့်မျက်လုံးတွေမိုးရွာချသံကြောင့်ပွင့်လာပြီး ဝမ်းသာအားရပြောတော့တာပဲ.. 

''ဒါ..ဒါ.တကယ်လားကိုသီဟ..မိုးတွေတကယ်ရွာနေတာလား?မယုံနိုင်လောက်အောင်ပါပဲလားကိုသီဟရယ်.''

ဆိုပြီးရွာနေတဲ့မိုးကို ငေးကြည့်နေရင်းပြောနေတာလေ.. 

'' ဟုတ်ပါတယ်နွယ်.. တကယ်ပါ.. ကိုယ့်ရင်ထဲမှာနွယ့်ကိုချစ်နေမိတာစစ်မှန်လို့ မိုးနတ်မင်းကြီးက ရွာချပေးနေတဲ့မိုးရေတွေပါ '' 

လို့ တော်ကီပြန်ပစ်လိုက်တာပေါ့ဗျာ..။တော်ကီပြန်ပစ်တယ်ဆိုလို့၊ခုလိုလုပ်ကြံမိုးရွာခိုင်းစေလို့ ကျနော်နွယ့်ကိုမချစ်ဖူးလို့တော့ ယမင်းမထင်နဲ့ဦးနော်..အသဲပေါက်မတတ်ချစ်ရလို့ ခုလိုသူကျနော့်အချစ်ကိုလက်ခံလာအောင်သူငယ်ချင်းတွေနဲ့တိုင်ပင်ပြိးလုပ်ကြံခဲ့တာပါ.. ပြီးရင်
ကျနော်အမှန်အတိုင်းဖွင့်ပြောပြီးတောင်းပန်မယ်လို့ရည်ရွယ်ထားပါတယ်... ဟုတ်ပါတယ်..ကျနော်သူ့ကိုအရမ်းချစ်ပါတယ်ဗျာ....
အိုခေ..စကားပြန်ဆက်မယ်ယမင်းရေ.. အဲလိုရွာနေတဲ့မိုးတွေကိုငေးကြည့်နေရင်း ဗြုန်းကနဲမိုးအရွာတိတ်သွားတော့နွယ်က 

'' ကိုသီဟ မိုးတွေရုတ်တရက်ပြန်တိတ်သွားပါလား  ဘာဖြစ်လို့လဲ ?'' ဆိုပြီးမေးလာတော့ ကျနော်က
'' မသိပါဘူးနွယ်ရယ်. ခဏလေး ကိုယ်မိုးနတ်မင်းကိုမေးလိုက်ဦးမယ် '' 

ဆိုပြီးအပေါ်ကိုခပ်တည်တည်နဲ့ခေါင်းမော့ပြီး


'' ဘာလို့မိုးရွာနေတာရပ်လိုက်တာလဲဗျို့ '' လို့အော်မေးလိုက်တော့ ခေါင်မိုးပေါ်ကဘော်ဘော်တွေက 

'' တိုင်ကီထဲမှာရေကုန်သွားလို့ မိုးရွာနေတာရပ်လိုက်ရတာပါ သီဟရေ '' လို့အော်လည်းအော် လူတွေလည်းခေါင်းလေးတွေတန်းစီပြီးထုတ်ပြထားလို့ နွယ်ကလည်းအသံကြားတဲ့ဆီကိုမော့ကြည့်တော့ သူတို့အားလုံးကိုမြင်ပြီး ဒေါသတကြီးကျနော့်ကို ကြည့်နေတော့တာပါပဲဗျာ.. 
ခဏနေတော့မှ တဖြည်းဖြည်းပြုံးလာပြီး ကျနော့်အချစ်ကို အသိအမှတ်ပြုလက်ခံလိုက်တော့တယ်လေ... ပျော်လိုက်တာဗျာ.. ကျနော်တို့စွန့်စားရကြိုးနပ်သွားတယ်ဆိုရမှာပေါ့...







 '' အဲလိုယမင်းရေ...နွယ်ကအရမ်းနားလည်နိုင်စွမ်းရှိတဲ့ မိန်းမကောင်းတစ်ယောက်ပါပဲဗျာ.. ဒါပါပဲကျနော်သူ့အချစ်ရခဲ့တဲ့အကြောင်းလေးက..ဟားဟားဟားဟား '' 

လို့ပြောပြလိုက်တော့ယမင်းကောကျနော်ပါ အူတက်အောင်ရယ်လိုက်ကြသေးတယ်ဗျာ...... 

'' ရှင်ကတော့လေ..တော်တော်သရုပ်ဆောင်ကောင်းတာပဲနော် ''
'' ဘယ်လိုလုပ်မလဲယမင်းရယ် ချစ်မိပြီဆိုတော့လဲ တခါတလေသရုပ်ဆောင်ရတာလည်းရှိတာပေါ့လေ.. ကျနော့်ကိုပဲပြောမနေနဲ့.. ယမင်းအလှည့်ကျရင် ကျနော်စောင့်ကြည့်ဥိးမယ်..
ယမင်းဘယ်လိုသရုပ်ဆောင်မလဲဆိုတာကိုပေါ့.''
'' အမလေးးး ယမင်းက ချစ်တဲ့ကြိုက်တဲ့ဇာတ်လမ်းမျိုးတော့သရုပ်မဆောင်တော့ပါဘူးး တန်းပြီးလက်ထပ်လိုက်မှာပေါ့.ဟင်းဟင်း '' တဲ့.. ပြီးတော့ကျနော့်ကိုကြည့်ပြီးတော့ 

'' ကိုသီဟကို ယမင်းတစ်ခုလောက်ပြောချင်တယ်..ပြောလို့ရမလား? '' 

'' ပြောပါယမင်း '' 

'' ခုကိုသီဟချစ်နေတဲ့ မခင်လေးနွယ်ဆိုတာလေ.. သူတော်တော်ကံကောင်းတဲ့သူပဲသိလားကိုသီဟ. ဘာလို့လဲဆိုတော့ ရှင့်လိုရိုးသားပွင့်လင်းပြီးဖြူစင်တဲ့ချစ်သူမျိုးရဲ့အချစ်ကို ရထားလို့ပေါ့ရှင်.'' ဆိုပြီးပြောတော့
'' ဟုတ်တာပေါ့ယမင်းရယ်.. ဒါတော့ကျနော်သိပြီးသားပါ..ဒါပေမယ့်သူမသိသေးတာတော့ခက်တယ်ဗျာ.. ယမင်းသူ့ကိုအဲဒီစကားလေးကိုသေသေချာချာပြောပြပေးပါလား''  ဆိုပြီး

ကော်လံထောင်ပြောလိုက်တော့သူကပိုက်ထားတဲ့ခေါင်းအုံးဝိုင်းလေနဲ့လိုက်ပေါက်လို့ပြေးခဲ့ရသေးတယ်လေ..



ဒါနဲ့တရက်ကျနော်အလုပ်ကပြန်လာတော့အိမ်တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဗျာ.. ကျနော်လည်းယောက်ဖ၊မမကြီး၊ ယွန်းနဲ့ဒွန်း အားလုံးရဲ့နာမယ်တွေကိုအော်ခေါ်ရင်း
မီးဖိုချောင်ဖက်ရောက်သွားတယ်လေ.. ဒီမှာပဲပုန်းနေတဲ့သူတို့အားလုံးဆီကနေ
ပူဖေါင်း ဖေါက်သံတဖောင်းဖောင်းထွက်လာပြီးတော့ကျနော့်ကိုလူလုံးတန်းစီပြီးထွက်ပြကြတော့တာပါပဲ.. ကျနော်လည်းဘာမှနားမလည်နိုင်တော့ပါဘူးး သူတို့ဘာလို့ကျနော့်ကို ပူဖောင်းတွေဘာတွေနဲ့ခမ်းခမ်းနားနားကြိုဆိုနေကြသလဲဆိုတာစဉ်းစားလို့မရပါဘူးဗျာ..။
မသိရင်မေးမစင်ရင်ဆေးဆိုတဲ့စကားအတိုင်းကျနော်မေးတော့တာပေါ့... 

'' ဒါကဘာသဘောလဲပေါ့.? '' 

ဘယ်သူမှမဖြေဘူးဗျ...အားလုံးပြုံးစိစိနဲ့ကျနော့်ကိုကြည့်နေကြတယ်...ခဏနေတော့မှယောက်ဖလုပ်တဲ့သူက 

'' သီဟ မင်းနောက်ကိုလှည့်ကြည့်လိုက်စမ်းပါ ''
လို့ပြောတော့ ကျနော်လဲလှည့်ကြည့်လိုက်တာပေါ့.. 

''ဒါများဘာထူးဆန်းလို့လဲယောက်ဖရယ်..ဒီနှစ်ယောက်ကအမြဲတွေ့နေရတဲ့သူတွေပဲ..
ဘာလို့သူတို့ကိုပြဖို့အတွက်ခုလို ပူဖောင်းတွေဘာတွေဖေါက်နေရတာလဲ'' ဆိုပြီး 

ဒီဖက်ပြန်လှည့်လိုက်တာပေါ့.. အိအိဝင်းနဲ့ယမင်းတို့ဘေးချင်းယှဉ်ရပ်နေတာကို 
ယောက်ဖကလှည့်ကြည့်ခိုင်းလို့ကျနော်ကြည့်လိုက်တာလေ.. ဘာမှလည်းမဟုတ်ပဲနဲ့.. 

''နောက်တစ်ခေါက်ကြည့်လိုက်စမ်းပါသီဟရယ်'' 

ဆိုပြီးမမကြီးကပြောနေတော့ကျနော်လည်းပြန်ကြည့်လိုက်တာပေါ့..ဇဝေဇဝါနဲ့လေ..ဘာများပါလိမ့်ပေါ့..။




။..ခေတ္တရပ်နားပါရစေ... ကျေးဇူးတင်ပါသည်..။

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
3 Responses
  1. ချင်းကလေး Says:

    နားနားပြီးရေးနေရလို့သီးခံပေးတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်ဗျာ..

  2. စံပယ်ချို Says:

    အပိုင်း ၄ ကိုဆက်ဖတ်သွားပါတယ်
    တစ်ခါထဲဖတ်ချင်လာပြီ...
    သိချင်လို့ပါ....နောက်ဆုံးကို

  3. ချင်းကလေး Says:

    လာဖတ်ပေးတာကျေးဇူးပါ မမဂျပ်စ်မင်း... ကျနော်ရေးပြီးပြီးချင်းတင်ပေးမှာပါဗျာ... မမပျော်ရွှင်ပါစေနော်!!!

abcs