ကာတွန်း နဲ့  မှတ်တမ်း

အောက်ကဗွီဒီယိုလေးကိုကြည့်လိုက်ပါ။ဒီဗွီဒီယိုလေးကကျနော်တို့နိုင်ငံကိုနှိမ့်ချထားသလို ဖြစ်ကောင်းဖြစ်မယ်...သို့သော်ဒါတွေကအမှန်တရားတွေပါ။သွေးထွက်အောင်ကိုမှန်နေတဲ့
အပြင်လူထုရဲ့နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတဲ့အခက်အခဲတွေ၊တွေ့ကြုံကျော်လွှားနေရတဲ့အန္တရာယ်တွေ၊ စိတ်ပျက်စရာကောင်းစဖွယ်ဖန်တီးပြောင်းလဲပစ်လိုက်တဲ့ပညာရေးအခြေအနေတွေ၊ ရယ်မောချင်စရာကောင်းလှတဲ့SYSTEMတွေ၊(ရယ်တယ်ဆိုတာပျော်လို့မဟုတ်ပါ)၊စသည့်..စသည့် ပေါင်းများစွာကိုလှလှပပလေးသရုပ်ဖော်ထားတာကိုတွေ့ရမှာပါ။တချို့ကပြောချင်ပြောကြမယ်။
နိုင်ငံခြားရောက်သွားလို့ကိုယ့်တိုင်းပြည်ကိုအထင်သေးသွားတယ်ဆိုပြီး...။ကျနော်ကြိုပြောလိုက်ပါတယ်။ အထင်မသေးပါ။ဘယ်တော့မှလည်းကိုယ့်တိုင်းပြည်ကိုအထင်ပြန်သေးမယ့်စိတ်ထားမျိုးမွေးမှာမဟုတ်ပါ။ ကိုယ့်နိုင်ငံကိုကိုယ်အထင်အမြင်သေးသွားကြတဲ့တချို့သူများကိုလည်းဘာဝေဖန်ချက်မှပေးမည်မဟုတ်ပါ။ လူတိုင်းကိုယ့်ဆန္ဒအတိုင်းနေခွင့်ရှိကြပါတယ်။အဲဒီအချက်ကိုလည်းပြည့်ပြည့်ဝဝလေးစားမိပါတယ်။ သို့သော်ဖြစ်ပျက်နေတာတွေကိုတော့လက်ခံပါတယ်။စိတ်မကောင်းပါဘူး။ ဘယ်သူ့ကိုအပြစ်တင်ရမှာလည်းဗျာ?ထားပါတော့လေ..။ပြောနေတာများသွားရင်လည်း လိုရင်းရောက်မှာမဟုတ်လို့ခုပဲရပ်နားလိုက်ပါပြီဗျာ။လေးစားစွာနဲ့ပဲတိုက်တွန်းချင်တာကNEGATIVE  WAYနဲ့မကြည့်ကြပဲPOSSITIVWAY နဲ့ကြည့်ပေးကြပါလို့...။။။။   (ခင်မင်လေးစားစွာဖြင့်....ချင်းကလေး)







Happy World - Burma, the dictatorship of the absurd from Happy World on Vimeo.



**မှတ်ချက်**  ဒီဗွီဒီယိုဖိုင်လေးကို FNG မှယူပြီးတင်ပြထားတာပါ။
5 Responses
  1. Candy Says:

    Video လေးကြည့်သွားတယ် အစ်ကိုရေ.. :)

  2. စံပယ်ချို Says:

    မိုးရေထဲလမ်းလျှောက်နေတဲ့ပြည်သူ့ဘ၀..
    ဓါတ်ဆီဆိုင်အတွေ့အကြုံ
    bus ကားတွေအပေါက်မှားတာတွေ
    ကိုယ်တောင်ဒါတွေကိုသတိမထားခဲ့မိပါဘူး...
    အားလုံးကြည့်သွားပါတယ်
    ဘာမှမပြောတော့ပါ...........

  3. mstint Says:

    ဗွီဒီယိုလေးကြည့်သွားတယ် ချင်းကလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တိတင့်

  4. Angelhlaing(May everybody be happy and healthy! Says:

    မမလာအားပေးသွားတယ် မောင်လေးရေ..:)

  5. KMC@ချင်းလေး Says:

    @မမဂျပ်စ်ရေ.. ကျနော်နေတာဗိုလ်တစ်ထောင်မြို့နယ်မှာပါ။မိုးဆယ့်ငါးမိနစ်လောက်ရွာလိုက်ပြီဆိုရင် လမ်းပေါ်မှာညစ်ပတ်နံပုတ်နေတဲ့ရေတွေကခြေသလုံးတောင်မြုပ်တယ်မမရေ။ ဗိုလ်တစ်ထောင်မှာရယ်လို့မဟုတ်ပါဘူး ရန်ကုန်မြို့လယ်ခေါင်နေရာတော်တော်များများမှာလည်းဒီလိုချည်းပါပဲ။ စိတ်ပျက်စရာအရမ်းကောင်းပါတယ်။ @ညီမချိုချဉ် @မမအိန်ဂျယ်လ် နဲ့ချစ်အန်တီ@mstint.. အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ... အားလုံးကျန်းမာချမ်းသာကြပါစေ။

abcs