ဆုတောင်းမယ်


ဒီရက်ပိုင်းနားထောင်မိတဲ့ဇော်ပိုင်ရဲ့သီချင်းဟောင်းလေးတစ်ပုဒ်ပါ။အားလုံးနားထောင်းဖူးကြမယ်
ဆိုတာယုံကြည်ပါတယ်.....သီချင်းလေးနားထောင်ရင်းရင်ထဲမှာပေါ်လာတဲ့ခံစားချက်
လေးတစ်ချို့ကိုကဗျာလေးတစ်ပုဒ်အဖြစ်ပြောင်းလဲပစ်ပြီးတဲ့နောက်ဘလော့ပေါ်ကချစ်သူငယ်ချင်းများ
ကိုလည်းကဗျာလေးကိုပြန်လည်မျှဝေလိုက်ရပါတယ်။
           ဆိုတဲ့သူကိုရည်ရွယ်ပြီးရေးထားတာမို့
အခြားသူများကိုလုံးလုံးမရည်ရွယ်ပါကြောင်း၊အမှားများပါရှိပါကခွင့်လွှတ်စေလိုပါကြောင်း၊
ခံစားချက်လေးကိုမျှဝေခြင်းသက်သက်သာဖြစ်ရပါကြောင်းကြိုတင်တောင်းပန်တင်ပြထားချင်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။





သစ္စာတရားဆိုတာကိုးကွယ်သင့်တဲ့အရာတခုလား
 

သစ္စာတရားကိုကိုးကွယ်ကြတဲ့သူတွေအတွက်
အချစ်ဟာဘဝမှာလင်းရောင်စဉ်တစ်ခုပါလို့ဆိုကြတယ်
အချင်းမများချင်ဘူးအချစ်ရယ်
တကယ်လို့များအဲဒီလိုကိုးကွယ်မိခဲ့လို့
ဘဝမှာမှောင်အတိလွှမ်းခဲ့ရတယ်ဆိုရင်
လွန်လွန်းတယ်လို့ဝေဖန်ကြလိမ့်မယ်နော်........
သစ္စာတရားကိုမယုံကြည်တတ်တဲ့သူတွေကြားမှာ
ယုံကြည်ချက်ကိုစွဲကိုင်ရင်း
သစ္စာမဲ့ခဲ့သူအတွက်ကတော့အချစ်ဟာ
ကစားစရာတစ်ခုလိုပါပဲ
တန်ဖိုးမဲ့၊တန်ဖိုးမဲ့...မဲ့ဆိုတာထက်ပို.....မဲ့..မဲ့
 

ဒီချစ်ခြင်းမှာသွေးပျက်ခဲ့ရတာကိုယ်ပါ
ယုံကြည်ထားသမျှအရာတိုင်းပဲ
တမုဟုတ်ချင်းပြိုယိုင်လဲကျပျက်စီးလည်း
အပြုံးမပျက်အောင်ထိန်းထားနိုင်ဖို့
တကယ်မလွယ်ပါလားအချစ်ရယ်....လို့
 

လူပြောသူပြောများတာကတော့
အချစ်ဆိုတာ.......................
တစ်ခါတစ်လေလေညှင်းပါ
တစ်ခါတစ်ရံမုန်တိုင်းပါ......တဲ့..........
ကိုယ့်အတွက်တော့မုန်တိုင်းပြီးမုန်တိုင်း
ဘယ်တော့များမှလေပြေလေညှင်းကလေးတွေ
ရနိုင်ပါ့မလည်းလို့............
ပြောကြသေးတယ်
အချစ်ဆိုတာ..................
တစ်ခါတစ်လေမိုးရေစက်များပမာ
တစ်ခါတစ်ရံမီးပင်လယ်ကြီးပမာ.....တဲ့....
ကိုယ်ကတော့ချစ်မိလိုက်တာနဲ့
မီးပင်လယ်ကြီးထဲ
နစ်သွားခဲ့ရပေါ့...........
 

အချစ်ကံတရားတွေက
ချစ်နေရုံနဲ့ဘာလို့မပြည့်စုံလာတတ်ကြတာလဲ
ချမ်းချမ်းဆိုထားတဲ့သီချင်းလေးကတော့
အချစ်ပဲလိုတယ်တဲ့.....
သစ္စာတရားမရှိတဲ့အချစ်ဆိုရင်ကော?????
တကယ်တော့
အချစ်နဲ့သစ္စာဆိုတာ
အဖြူနဲ့အမည်းကွဲပြားနေသလို၊
အဆိုးနဲ့အကောင်းဒွန်တွဲနေသလိုမျိုးပဲနော်...
မတရားလိုက်တာကွာ...
ဘာလို့အဲလိုကွဲပြားနေရတာလဲ...
 

တချို့ကဗျာဆရာတွေက
ယုတ္တိဆန်စွာနဲ့ငါးပါးသီလကိုဖောက်ဖျက်ကြတယ်
ချစ်တဲ့အချစ်ဟာအမုန်းကိုလှည့်ဖြားလို့
အမုန်းလွန်မြောက်ရင်အချစ်သာကျန်ခဲ့မှာ....တဲ့..
ရယ်စရာကောင်းလိုက်တာ
ပြီးတော့ဆိုကြသေးတယ်
အချစ်ဆိုတာ..............
တစ်ခါတစ်လေကြည်နူးစရာ၊
တစ်ခါတစ်ရံကြေကွဲစရာ...တဲ့....
တစ်ခါတစ်ရံလင်းအာရုဏ်ဦးနဲ့တင်စားကြသလို
တစ်ခါတစ်လေမျက်ရည်တွေရဲ့ကဗျာလို့လည်း
ခိုင်းနှိုင်းကြသေးရဲ့
 

သူတို့ဘယ်လိုပဲနှိုင်းကြပါစေ
အချစ်ဆိုတာအချစ်သာမို့
ခိုတွယ်ရစ်ဝိုင်းနေတဲ့
ဒဏ်ရာဟောင်းတွေနဲ့
ကြင်နာခြင်းဝေမျှမယ့်
ထို......အာရုဏ်ဦးမှာ
မင်းများပြန်လာလေမလားလို့...........
အာရုဏ်တိုင်းကိုမက်မက်မောမော
ဖက်တွယ်ထားရင်း
မင်း.......ဆိုတဲ့
တစ်ယောက်သောသူကို
မျှော်နေဆဲပါ......။

သီချင်းလေးကိုတော့  ဒီက  ယူပြီးတင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
14 Responses
  1. Thameesan Says:

    "နာ့"ဘ၀သနားစရာပါလားမောင်ချင်းရယ်
    ဘာမှကိုမမြင်ရဘူးဟယ်း(
    လိုင်းမကောင်းတာကြောင့်ထင်တယ်
    အစ်မဆီမှာ ပုံပဲပေါ်တယ်လေ
    ဇော်ပိုင့်သီချင်းတွေကိုအစ်မလဲကြိုက်တယ်

  2. Candy Says:

    အင်း.. အချစ်နဲ့ သစ္စာ ပူးတွဲရခဲ့ရင်တော့ ကောင်းဆုံးပေါ့ အစ်ကိုရာ...
    အစ်ကိုလည်း အဲ့လိုအချစ်မျိုးပိုင်ဆိုင်နိုင်ပါစေလို့ ချစ်ညီမ ဆုတောင်းပေးတယ်နော်... :D

  3. စံပယ်ချို Says:

    သီချင်းလေးနားထောင်သွားတယ်
    မောင်လေးရေ....

  4. လွင်ပြင်လှိုင်းငယ် Says:

    လာရောက်အားပေးသွားပါ၏ သီချင်းလေးလဲ ကောင်းပါတယ်
    လွင်ပြင်၏ ဘလော့လေးသို့လဲ လာရောက် အားပေး စေဖန် သင်ကြားပေးပါအုံး

  5. SHWE ZIN U Says:

    မျှော်သူ မလာခင် ရွှေစင်ဦး လည်လည် လာတယ် စိတ်မဆိုးဘူး မဟုတ်လား

  6. Angelhlaing(May everybody be happy and healthy! Says:

    ဟင်းးးးနော် မလွမ်းချင် မဆွေးပါဘူးဆိုနေမှ ... :(
    အော်လိုက်မယ်...ဟိုသီချင်းလို အဆင်မပြေဘူး .... လို့ :):)
    ခံစားအားပေးလျှက်ပါ မောင်လေး...

  7. အိမ်မက်စေရာ Says:

    တစ်ခုခုလုပ်ပြီး စိတ်ဖြေစေချင်တယ် ။
    ဒါကြီးပဲ ထပ်ထပ်စဉ်းစားရင် ပိုပိုပြီးခံစားရမှာ..နော်
    နာ့အစ်ကို
    ညီမအစ်ကို အဲ့လောက်ကြီးဆွေးနေတာ ညီမလေးတောင်မပျော်နိုင်တော့ဘူး..ဟင့် စိတ်ကောင်းဘူး..

    ချစ်တဲ့
    အိမ်မက်

  8. ပဥာက် Says:

    ဟဟဟ..ချင်းလေးလည်း ခံစားနေ၇တယ်တူတယ်...
    ဒီလိုပဲပေါ့ကွာ..

  9. ချယ်ရီမြေ Says:

    ချင်းကလေးရေ... ခံစားချက်တွေနဲနဲလျော့လေ... မီးလိုပူတယ်ဆိုလား ကြားဖူးတယ်..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

  10. ချယ်ရီမြေ Says:

    ချင်းကလေးရေ... ခံစားချက်တွေနဲနဲလျော့လေ... မီးလိုပူတယ်ဆိုလား ကြားဖူးတယ်..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

  11. KMC@ချင်းလေး Says:

    အစ်မသမီးစံ၊ချစ်ညီမကန်ဒီ၊မမဖွားလေးဂျပ်စ်၊လွင်ပြင်လှိုင်းငယ်..
    ခုလိုအားပေးခဲ့ကြတာဝမ်းသာမိပါတယ်။ကျေးဇူးတင်ပါတယ်လို့
    ပြောပါရစေ။အစ်မရွှေစင်..စိတ်ဆိုးစရာမှမဟုတ်တာနော်.လာလည်
    ပြီးခုလိုရင်းရင်းနှီးနှီးမန့်ပေးခဲ့တာကျေးဇူးအထူးတင်လျက်ပါအစ်မ။
    မမအိန်ဂျယ်လ်..အားပေးတာကျေးဇူးမမ၊အော်တာတော့မအော်
    နဲ့နော်မမ၊မမကလိမ္မာပြီးသားပါဗျာ:P..ဟောဗျာ.ညီမလေးအိပ်မက်
    အစ်ကိုဘာမှမဖြစ်ပါဘူးနော်..ကဗျာရေးထားတာလေညီမရယ်။
    ပျော်ပျော်သာနေပါညီမရာ၊ညီမတို့စေ့စပ်ပွဲအတွက်အစ်ကိုတောင်
    ပျော်နေတာနော်..ကိုပဥာက်ရေ...ဒီလိုပါပဲဗျာ..သိတယ်ဟုတ်?
    ဘုန်းဘုန်းချယ်ရီခင်ဗျာ..ဆုံးမတာလေးကိုနာယူလျက်ပါခင်ဗျာ။
    ခင်မင်စွာနဲ့ခံစားအားပေးခဲ့ကြတဲ့သူများအားလုံးကိုကျနော် KMCမှကျေးဇူးအထူးတင်ရှိပါကြောင်းပြောပါရစေနော်..:D

  12. အလင်းသစ် Says:

    ကဗျာလေး အရမ်းကောင်းတယ် ညီလေးရေ။။ မရောက်တာကြာလို့ သိမ်းကြုံးပြီး ဖတ်သွားတယ်ဝေ့။။

  13. မအိမ်သူ Says:

    နောက်ဆုံးကဗျာရဲ့ နောက်က နောက်ဆက်တွဲကဗျာတွေ အများကြီးထွက်လာကုန်ပြီ..း))

    “အချစ်ဆိုတာ ဘ၀ရဲ့ အဖြစ်သနစ်တစ်ခုသာပါပဲ
    ဘ၀တစ်ခုလုံး အချစ်နွံမှာမနစ်ဖို့တော့လိုလိမ့်မယ်လေ
    အချိန်တွေက ကုစားသွားမယ့်အချစ်ကို
    အတိတ်အိုအိုထဲ မြုပ်နှံခဲ့လိုက်တော့...”

    အစ်မ ကဗျာရေးတာနော် မောင်ချင်းလေး.. :P

  14. AH Says:

    ကျေးဇူးတင်ပါတယ်အစ်ကိုရေ ဒီသီချင်းလေးတင်ပေးတဲ့အတွက်ပါ။ ပထမဆုံး နားထောင်ဖူးတာပါ....

    ကဗျာလေးလည်း ဖတ်သွားတယ် အကို

    ခင်မင်စွာဖြင့်
    AH

abcs