16 May 2011
1:29 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
ကျနော့်ကိုမြင်နေတဲ့မမတို့အားလုံးကို ''ရှူး တိုးတိုး'' ဆိုတဲ့အမူအယာလုပ်ပြလိုက်တော့ သူတို့က ကျနော်ကောင်မလေးကို နောက်ချင်လို့တမင်လုပ်ပြတယ်ထင်လိုက်သေးတယ်...... အရေးထဲ...
ကောင်မလေးကတော့ဘာမှမသိရှာဘူးပေါ့... စားလို့ကောင်းနေတုန်းလေ... အသာလေးအနားကပ်ပြီးနောက်ကနေပါးစပ်ကိုပိတ်၊ လက်ကိုနောက်ပြန်ချုပ်လိုက်တော့ ကောင်မလေးကလန့်ပြီးရုန်းတော့တာပေါ့..
လက်ကလဲဖမ်းချုပ်ထား၊ပါးစပ်ကနေလဲ ....................
15 May 2011
1:25 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
ကျနော်တို့အိမ်အဝင်တံခါးနားမှာ ချိတ်ဆွဲထားတဲ့စာလေးတစ်ကြောင်းရှိတယ်ဗျ.. အဲဒါကတော့
''စိတ်မချမ်းမြေ့ဖွယ်များကိုဤနေရာမှာထားရစ်ခဲ့ပြီးပျော်ရွှင်ဝမ်းမြောက်စွာကြွရောက်ပါရန်မေတ္တာရပ်ခံပါ၏'' တဲ့.. သဘောကတော့ဗျာ..အိမ်သားဖြစ်စေ၊အပြင်လာလည်သူဖြစ်စေ ကျနော်တို့အိမ်ထဲကိုရောက်လာတာနဲ့တပြိုင်နက်ပူပင်သောကတွေပျောက်ပြီးလွတ်လပ်ပေါ့ပါးသွားအောင်လို့ပါ..
(ဒီဇာတ်လေးလေးကလည်း ဝတ္ထုရှည်တစ်ခုလောက်နီးပါးရှည်လျားလွန်းနေတာမို့ ကျနော့်ကိုနားနားပြီးရေးခွင့်၊တင်ပြခွင့်ပြုပါနော်) :-)
♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥
14 May 2011
9:22 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
ဟိုပြေးဒီပြေးအချိန်လုနေရတဲ့အထဲစိတ်အနှောက်အယှက်ဖြစ်စရာလေးတစ်ခုပေါ်လာတာပြောပြခွင့်ပြုပါ။
၁၂-၀၅-၂၀၁၁ ညဖက်ပေါ့.. ကျနော်ဘာတွေစဉ်းစားနေမိသလဲမသိပါဘူးဗျာ.. အိပ်လို့ကိုမပျော်ဘူး..။
ဒါနဲ့အိပ်ယာကပြန်ထပြီး ကွန်ပြူတာကိုပြန်ဖွင့် ရောက်တက်ရာရာတွေလိုက်ကြည့်နေမိရင်းကနေ....
☻☻ ☻☻ ☻☻ ☻☻ ☻☻ ☻☻
11 May 2011
2:38 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
တောင်းပန်ပါတယ်....ခုတလောအပြင်သွားနေတာများနေတော့ စာတွေတောင်မရေးနိုင်ဘူးဗျာ.. သူငယ်ချင်းဘလော့တွေဆီလဲမရောက်ဖြစ်တာနှစ်ရက်လောက်ရှိနေပြီ..ဆိုတော့ဒီနေ့အိမ်မှာရှိနေတာနဲ့
ကျနော်စဉ်းစားမိသလောက် အချစ်ဆိုတာကို ခံစားမိသလိုချရေးလိုက်ပါတယ်... ရေးချင်တာတွေအများကြီးရှိနေပေမယ့် စာရေးဖို့အချိန်ရယ်၊ရေးဖို့မုဒ်ရယ် (မျက်လုံးအားလဲသိပ်မကောင်းဘူးလေ)
လုံလုံလောက်လောက်မရှိသေးတာကြောင့်သေချာမရေးဖြစ်သေးတာမို့ ကျနော့်ဘလော့လေးကို
အချိန်ပေးဝင်လာကြပြီး ကျနော်ရေးခဲ့သမျှတွေကို မညီးမညူလာလာဖတ်နေတဲ့ သူငယ်ချင်းများအားလုံးကို လေးလေးစားစားတောင်းပန်ပါရစေနော်.. ကျေးဇူးတင်ပါတယ်.။
♣♣♣@@@♣♣♣ ♣♣♣@@@♣♣♣
08 May 2011
7:59 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
သားတို့ဝမ်းမနည်းအောင်အမြဲတမ်း
တတ်နိုင်ခဲ့တဲ့မေမေရယ်..
မေမေဝမ်းမနည်းအောင်သားတို့
ဘာမှလုပ်မပေးတတ်ခဲ့တာ
ရင်အနာရဆုံးပါမေမေ.........။
T H e M O T H E r D A Y
07 May 2011
12:03 AM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
အဖိုးလုပ်တဲ့သူက
''ငါတို့အားလုံးမြေးမလေးကိုမေးကြည့်ပြိးပြီ၊
သူကပြောတော့မင်းနဲ့ခင်ယုံပဲခင်တာပါတဲ့၊လက်ထပ်ထားတယ်ဆိုတာသူ့ရဲ့ခင်မင်မှု့ကိုမင်းက
အလွဲသုံးစားလုပ်ပြီးသူသိက္ခာကျအောင်ပြောနေတာပါတဲ့..ဒီတော့မင်းဘာပြောချင်သလဲ..''
• • • • • • • • • • • • • • • • • • • •
06 May 2011
11:06 AM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
''ကိုကြီးအဲလိုပြောမှာစိုးလို့ဘာမှမပြောပဲနေမြဲအတိုင်းနေခဲ့တာကို ကိုကြီးပဲမရမကလိုက်မေးနေတော့..ဒီကပြောလိုက်ရတယ်.. ထင်တဲ့အတိုင်းပဲကိုကြီးညီမလေးကိုအထင်သေးသွားပြီမို့လား?ဒါကြောင့်အတင်း
နှင်လွှတ်နေတာပေါ့'' ဆိုပြီးငိုပါလေရောဗျာ.....
ကျနော့်မှာခြေမကိုင်မိလက်မကိုင်မိဖြစ်သွားခဲ့တာပေါ့... ကိုယ်ချော့တတ်သလိုချော့ရင်းကျနော်လည်းဘာတွေပြောမိမှန်းတောင်မသိတော့ဘူးးး.
♣♣♣♣♣ ♣♣♣♣♣ ♣♣♣♣♣ ♣♣♣♣♣
03 May 2011
10:23 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
ဘွားဘွားဆိုတာကိုတော့ကျနော်မြင်ဖူးလိုက်ပါတယ်.. ဘိုးဘိုးကတော့ကျနော်မမွေးခင်ဆုံးပါးသွားလို့မတွေ့ဖူး လိုက်ဘူးပေါ့ဗျာ.. သူတို့ကသားစဉ်မြေးဆက်စပါးစိုက်လာခဲ့ကြတဲ့တောင်သူတွေလေ. လယ်ယာမြေတွေအသိမ်းခံရတာကတော့ ကျနော့်ဖေဖေလက်ထက်ကြမှပါ.. ဖေဖေလည်းဒီစိတ်နဲ့ကျနော်တို့မောင်နှမနှစ်ယောက်ကိုမေမေနဲ့အတူထားပြီး နောင်တမလွန်ခရီးကို ထွက်သွားနှင့်ပြီဗျာ.. ရွှေမြို့သူမေမေကတော့ကျနော်တို့လက်ကိုဆွဲပြီးမြို့ကိုတက်လာခဲ့ရာက မြို့ပေါ်မှာပဲနေဖြစ်တော့တယ်လေ.. ခုတော့မေမေလည်းမရှိတော့တာမို့ အားလုံးကိုဂါရဝပြုတဲ့အနေနဲ့ ဒီကဗျာလေးကို ရေးပါတယ်....
♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
02 May 2011
10:12 PM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
နောက်ပိုင်းကျတော့ သူကသိသိသာသာကို မကျေနပ်ကြောင်းပြလာပါလေရောဗျာ။
သူ့မှာချစ်သူရှိတယ်ပေါ့၊ ကျနော်ခုလိုလိုက်လိုက်ပို့နေတာကိုသူ့ချစ်သူမြင်ရင်မကောင်းဘူးပေါ့၊ လိုက်မပို့တော့နဲ့ပေါ့၊ အဲလိုတွေပြောပြောလာတယ်လေဗျာ။ ကျနော်ကလဲ ဘယ်ယုံမလဲဗျာ။
ကိုယ့်အထင်နဲ့ကိုယ်ကိုးးး ထားပါတော့ဗျာအတိုချုပ်ပြိးပဲပြောတော့မယ်။
♦♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦♦♦ ♦♦♦♦♦♦♦♦♦♦
01 May 2011
12:17 AM
♦♦♦တင်ပြတဲ့ငနဲက♦♦♦
KMC@ချင်းလေး
တစ်ရက်ကြတော့ကိုယ့်ကိစ္စနဲ့ကိုယ် စိန်ပေါလ်ကားမှတ်တိုင်ကနေပြီး လိုင်းကားစီးလို့ တာမွေကိုအသွားကျနော်စီးလိုက်တဲ့ကားပေါ်ကိုမှ တိုက်တိုက်ဆိုင်ဆိုင် သူလေ....
''မိုးလေးပေါ့'.. တတ်လာတယ်ဗျာ~ ကိုယ်စီးထားတဲ့ဘတ်စ်ကားကိုရော တလောကလုံးကိုပါမေ့ပြီး ကျနော်မမြင်ရတာကြာခဲ့ပြီဖြစ်တဲ့ချစ်ဦးသူ မိုးလေးကို ငေးကြည့်ရင်းက ဘယ်လိုကဘယ်လို
သူ့အနားကိုရောက်သွားတယ်ဆိုတာမသိနိုင်လောက်အောင် မြန်ဆန်စွာပဲ နားနားကပ်ပြီးထိုင်လိုက်မိသွားတယ်ဗျာ။
♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥