နွေရာသီရောက်လာတာကိုက
စောလွန်းတယ်
အဲဒီလောက်မွန်းကြပ်မယ်မှန်းသိရင်
အစကတည်းကအသက်ရှူတတ်အောင်
ငါမသင်ခဲ့ပါဘူး
သစ်ပင်တွေသွေ့ခြောက်
အသံတစ်သံကိုကြားနေရသလိုလို
အချစ်ရယ်
တို့စိတ်နဲ့တို့ကိုယ်ပဲ
သစ်ရွက်တွေလိုအတူတူကြွေပစ်လိုက်ကြမယ်
ဘာဖြစ်လို့ခွဲရမှာလဲကွယ်.....
စောလွန်းတယ်
အဲဒီလောက်မွန်းကြပ်မယ်မှန်းသိရင်
အစကတည်းကအသက်ရှူတတ်အောင်
ငါမသင်ခဲ့ပါဘူး
သစ်ပင်တွေသွေ့ခြောက်
အသံတစ်သံကိုကြားနေရသလိုလို
အချစ်ရယ်
တို့စိတ်နဲ့တို့ကိုယ်ပဲ
သစ်ရွက်တွေလိုအတူတူကြွေပစ်လိုက်ကြမယ်
ဘာဖြစ်လို့ခွဲရမှာလဲကွယ်.....
ဘာဖြစ်လို့ခွဲသွားမှာလဲဆိုတာ
အုန်းသီးကိုပြောတာလားမောင်ချင်းး))
ပျော်ရွှင်ပါစေကွယ်
ချစ်ခင်စွာဖြင့်
တမီးရှံး))
ကောင်းလိုက်တဲ့ ကဗျာလေး အစ်ကိုရာ....
အသက်ရှူတတ်အောင် မသင်ခဲ့ရင် အစ်ကိုသေမှာပေါ့ဂျ.. မနောက်ပါနဲ့ဂျာ... :P :P
ဝေအတူ ကြွေအတူလား.. တနှစ်တာလုံးတော့ နွေရာသီမဖြစ်တာ သေချာပါတယ်ကွယ်။ ရာသီတွေပြောင်းအုံးမှာပါ။
အမလေးတော့
အသက်ရှုတတ်အောင်မသင်ခဲ့ဘူးတဲ့
ဖြစ်စရာလားကွယ်....
ဟားဟားဟား....အစ်မသမီးစံနဲ့မမဂျပ်စ်တို့ကတော့နည်းနည်းလေးမှ မခံစားတတ်ဘူး..ဟွန်း..:P:P
အစ်မမအိမ်သူပြောသလိုရာသီပြောင်းချိန်ကိုစောင့်နေပါတယ်နော်..။ (ရာသီပြောင်းချိန်မှာအဖော်မပါလို့...အပြင်ရောအတွင်းရောဥပါဒ်ဝင်) သီချင်းနော်..သီချင်း.။ အားလုံးရဲ့မေတ္တာကိုလေးစားလျက်ကျေးဇူးတင်တယ်လို့ပြောပါရစေဗျာ။
အဲဒီလောက်မွန်းကြပ်မယ်မှန်းသိရင်
အစကတည်းကအသက်ရှူတတ်အောင်
ငါမသင်ခဲ့ပါဘူး.....
ဟုတ်တယ် လတ်တလော ခံစားချက်လေးနဲ့ ကွက်တိပဲ မောင်လေးရေ ..:)
ခံစားအားပေးလျှက်ပါလို့ ..
အေးလေနော် ဟုတ်ပ ဘာလို့ခွဲရမှာလဲ ခွဲပါဘူး
အမှိုက်မီးရှို့လဲအတူတူပေါ့နော်း)
ဘယ်လောက်မွန်းကြပ်နေပါစေ ဆေးရုံကိုလှမ်းဖုန်းဆက်ပါ
အောက်ဆီဂျင်ဘူးယူလာပါလိမ့်မယ်း)
ခံစားချက်ကဗျာလေးအားပေးသွားတယ် ချင်းကလေးရေ။ ကဗျာကိုတီတင့် မစပ်တတ်ပေမယ့် ဖတ်ရတာသဘောကျတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။
"သစ်ပင်တွေသွေ့ခြောက်" လို့သုံးသွားတာ အရမ်းလှတယ်ဗျာ။
ကောင်းလိုက်တဲ့ အတွေးလေး...
ဖတ်ရင်းနဲ့ ပီတိဖြစ်နေမိတယ်...တစိမ့်စိမ့်တွေးလေ သဘောကျလေပါပဲ...ကဗျာတစ်ပုဒ်နဲ့ ဆီလျော်ညီညွတ်တဲ့ ရသကောင်းကို ပေးနိုင်စွမ်းတဲ့ စာသားတွေ ရစ်သမ်တွေအတွက် ကျေးဇူးတင်ပါတယ်...
inn taw taw kaung tal aynn like tal